အထက်တန်းကျောင်းမပြီးပေမဲ့ နိုင်ငံတော်သူရဲကောင်းဖြစ်လာတဲ့ ရီဟားနား

ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိထားတဲ့ ရီဟားနားကို မိခင် ဘားဘေးဒိုးတိုင်းပြည်ရဲ့ နိုင်ငံတော်အဆင့်သူရဲကောင်းအဖြစ် ချီးမြှင့်လိုက်ပါတယ်။
“ကိုယ်ကြီးပြင်းခဲ့တဲ့မြေရဲ့ အသိအမှတ်ပြုခြင်းကို ခံရတာက ဘာဆိုဘာနဲ့မှ မလဲနိုင်ပါဘူး” လို့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဟားနားက မီဒီယာတွေကိုပြောပါတယ်။
ရီဟားနားဟာ ၂၀၁၉ ခုနှစ်ကဒေတာတွေအရ ကမ္ဘာမှာအချမ်းသာဆုံးသော အမျိုးသမီးအဆိုတော်အဖြစ်လဲ မှတ်တမ်းတင်ခံထားရရသူပါ။ မက်ဒေါနား၊ စလင်းဒီယွန်း၊ ဘီယွန်းစေးတို့ရဲ့ ချမ်းသာကြွယ်ဝမှုကိုကျော်ဖြတ်ပြီး သရဖူဆောင်းခဲ့နိုင်တာပါ။ ရီဟားနားဟာ အဆိုတော်အလုပ်အပြင် မိတ်ကပ်ပညာရှင်၊ သရုပ်ဆောင်၊ ဖက်ရှင်ဒီဇိုင်နာ၊ ပရဟိတလုပ်ငန်းများမှာ ဦီးဆောင်နိုင်သူအဖြစ် လည်းလူသိများပြီး ဒါဟာလူမည်းအမျိုးသမီးလောကအတွက် ထွန်းပြောင်တဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒီလိုကြံကြံခံအောင်မြင်တဲံ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝရဲ့အစဟာ အင်မတန်ခက်ခဲကြမ်းတမ်းခဲ့မယ်ဆိုတာ သေချာသလောက်ပါပဲ။ အဝတ်တွေလမ်းပေါ်မှာရောင်းရတဲ့ ရီဟားနားရဲ့ ငယ်ဘဝမှာ အရက်စွဲနေတဲ့ အဖေနဲ့ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အမေတို့ရဲ့ကြားမှ ရှင်သန်ခဲ့ရတာပါ။ ဒီစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေက သူ့မှာ Tumor ရောဂါရနေပြီလို့တောင် ဆရာဝန်တွေက ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ သူအသက် (၁၄) နှစ်အရွယ်မှာ မိခင်နဲ့ဖခင် ကွဲသွားကြတဲ့နောက်မှာတော့ ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။ သီချင်းဆိုတဲ့အလုပ်ကိုရွေးချယ်လိုက်တဲ့နောက်မှာတော့ ရီဟားနားရဲ့ အထက်တန်းကျောင်းအောင်ဖို့ အိပ်မက်ကိုစွန့်လွှတ်ခဲ့ရပါတယ်။
ခုချိန်မှာတော့ ရီဟားနားက သီချင်းထဲကအတိုင်း စိန်တုံးတစ်တုံးလောက် တောက်ပနေပြီပဲဖြစ်ပါတယ်။
နေကြာအောင်

DUBAI, UNITED ARAB EMIRATES – SEPTEMBER 29: Rihanna speaks during her Fenty Beauty talk in collaboration with Sephora, for the launch of her new Stunna Lip paint “Uninvited” on September 29, 2018 in Dubai, United Arab Emirates. (Photo by Mark Ganzon/Getty Images for Fenty Beauty)

အထက္တန္းေက်ာင္းမၿပီးေပမဲ့ ႏိုင္ငံေတာ္သူရဲေကာင္းျဖစ္လာတဲ့ ရီဟားနား

ကမာၻတစ္ဝွမ္းကပရိသတ္ေတြရဲ႕ အားေပးမႈကို အထူးရရွိထားတဲ့ ရီဟားနားကို မိခင္ ဘားေဘးဒိုးတိုင္းျပည္ရဲ႕ ႏိုင္ငံေတာ္အဆင့္သူရဲေကာင္းအျဖစ္ ခ်ီးျမႇင့္လိုက္ပါတယ္။
“ကိုယ္ႀကီးျပင္းခဲ့တဲ့ေျမရဲ႕ အသိအမွတ္ျပဳျခင္းကို ခံရတာက ဘာဆိုဘာနဲ႔မွ မလဲႏိုင္ပါဘူး” လို႔ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရီဟားနားက မီဒီယာေတြကိုေျပာပါတယ္။
ရီဟားနားဟာ ၂၀၁၉ ခုႏွစ္ကေဒတာေတြအရ ကမာၻမွာအခ်မ္းသာဆုံးေသာ အမ်ိဳးသမီးအဆိုေတာ္အျဖစ္လဲ မွတ္တမ္းတင္ခံထားရရသူပါ။ မက္ေဒါနား၊ စလင္းဒီယြန္း၊ ဘီယြန္းေစးတို႔ရဲ႕ ခ်မ္းသာႂကြယ္ဝမႈကိုေက်ာ္ျဖတ္ၿပီး သရဖူေဆာင္းခဲ့ႏိုင္တာပါ။ ရီဟားနားဟာ အဆိုေတာ္အလုပ္အျပင္ မိတ္ကပ္ပညာရွင္၊ သ႐ုပ္ေဆာင္၊ ဖက္ရွင္ဒီဇိုင္နာ၊ ပရဟိတလုပ္ငန္းမ်ားမွာ ဦီးေဆာင္ႏိုင္သူအျဖစ္ လည္းလူသိမ်ားၿပီး ဒါဟာလူမည္းအမ်ိဳးသမီးေလာကအတြက္ ထြန္းေျပာင္တဲ့ၾကယ္ပြင့္တစ္ပြင့္ျဖစ္ေနတယ္ဆိုတာ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။
ဒီလိုႀကံႀကံခံေအာင္ျမင္တဲံ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝရဲ႕အစဟာ အင္မတန္ခက္ခဲၾကမ္းတမ္းခဲ့မယ္ဆိုတာ ေသခ်ာသေလာက္ပါပဲ။ အဝတ္ေတြလမ္းေပၚမွာေရာင္းရတဲ့ ရီဟားနားရဲ႕ ငယ္ဘဝမွာ အရက္စြဲေနတဲ့ အေဖနဲ႔ အိမ္တြင္းအၾကမ္းဖက္ခံေနရတဲ့ အေမတို႔ရဲ႕ၾကားမွ ရွင္သန္ခဲ့ရတာပါ။ ဒီစိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈေတြက သူ႔မွာ Tumor ေရာဂါရေနၿပီလို႔ေတာင္ ဆရာဝန္ေတြက ထင္ခဲ့ၾကတာပါ။ ဒါေပမဲ့ သူအသက္ (၁၄) ႏွစ္အ႐ြယ္မွာ မိခင္နဲ႔ဖခင္ ကြဲသြားၾကတဲ့ေနာက္မွာေတာ့ က်န္းမာေရးျပန္ေကာင္းလာခဲ့ပါတယ္။ သီခ်င္းဆိုတဲ့အလုပ္ကိုေ႐ြးခ်ယ္လိုက္တဲ့ေနာက္မွာေတာ့ ရီဟားနားရဲ႕ အထက္တန္းေက်ာင္းေအာင္ဖို႔ အိပ္မက္ကိုစြန႔္လႊတ္ခဲ့ရပါတယ္။
ခုခ်ိန္မွာေတာ့ ရီဟားနားက သီခ်င္းထဲကအတိုင္း စိန္တုံးတစ္တုံးေလာက္ ေတာက္ပေနၿပီပဲျဖစ္ပါတယ္။
ေနၾကာေအာင္

Be the first to comment

Leave a comment

Your email address will not be published.


*