ဆေးမလိုတဲ့ သဘာဝအားတိုးဆေးများ

ရောဂါမျိုးစုံကို ကာကွယ်ဖို့အတွက် လူသားတွေဟာ အားအင်ပြည့်ဖြိုးနေဖို့လိုပါတယ်။ ဒီလိုအားအင်ပြည့်ဖြိုးနေဖို့အတွက် လူတွေပြုပြင်ဖန်တီးထားတဲ့ ဆေးဝါးများကရတဲ့ ဗီတာမင်၊ သတ္တုဓါတ်များထက် သဘာဝအတိုင်း နေထိုင်စားသောက်ခြင်းကရတဲ့ အာဟာရ ဓာတ်တွေက ပိုပြီးအားကိုးစရာပါ။
ဗီတာမင် စီ ဆေးပြားတွေကို ဈေးကြီးကြီးပေးပြီး ဝယ်သောက်သာထက် အရည်ရွှမ်းပြီးလတ်ဆက်တဲ့ အသီးအနှံတွေ၊ အရွက်တွေ စားသောက်ခြင်းက အဖျားရောဂါတွေကို ကာကွယ်ပေးသော၊ အနာကျက်မြန်စေသော ဗီတာမင်စီကိုထောက်ပံ့ပေးပါတယ်။ ဈေးသင့်တဲ့ ဈေးချိုတဲ့ ချဉ်ပေါင်၊ သံပုရာသီး၊ ပန်းဂေါ်ဖီ၊ ငရုတ်ပွ၊ အားလူး စတဲ့ အသီးအနှံတွေမှာပါလို့ သင့်တင့်မျှတတဲ့ ဗီတာမင်စီ ဓာတ်ကိုပေးစွမ်းနိုင်မှာပါ။


ဇင့်ဓာတ်ကလည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နဲ့ ဆက်စပ်ရောဂါများအတွက် ထိန်းချုပ်နိုင်ဖို့ အထောက်အကူပြုတဲ့ အားဖြည့်အာဟာရဓာတ်ဖြစ်လို့ သဘာဝကနေပဲ ရယူသင့်ပါတယ်။ ငါး၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ပဲ၊ ပဲပြား၊မှို တို့မှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီအစားအစာတွေကို နေ့တိုင်း တစ်မျိုးသို့မဟုတ် နှစ်မျိုး ပါဝင်အောင်စားပေးခြင်းကလိုအပ်တဲ့ ဇင့်ဓာတ်ကို ဖြည့်စွမ်းပေးမှာပဲဖြစ်ပါတယ်။


ကိုဗစ်ပျောက်ကင်းဖို့အတွက် ဗီတာမင်ဒီက ဆက်စပ်ပံ့ပိုးတယ်လို့ သုတေသနတွေကထုတ်ပြောမပြောကြားပေမဲ့ ကျန်းမာနေတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ဗီတာမင်ဒီကလည်းလိုအပ်ပါတယ်။ အီကွေတာနဲ့ နီးတဲ့ မြန်မာနိုင်ငံအတွက် မနက်ခင်းနေနုနုဟာ ဗီတာမင်ဒီဓာတ်ကို ပြည့်ပြည့်ဝဝရစေမယ့် အရင်းအမြစ်ကြီးပါပဲ။ အစားအစာတွေမှာပါသွားတဲ့ ကယ်လ်စီယမ်ကိုအူလမ်းကြောင်းကနေဖယ်ထုတ်ပေးနိုင်စွမ်းရှိတဲ့ ဗီတာမင်ဒီဟာ အရိုးအဆစ်တွေကျန်းမာရေးကောင်းနေဖို့အတွက် အထောက်အကူပြုတာပါ။ သဘာဝကရတဲ့ ဆေးကဈေးမကြီးပေမဲ့ တန်ဖိုးရလဒ်ကတော့ အံမခန်းပါပဲ။


ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ အိပ်ရေးဝဝအိပ်ဖို့နဲ့ ပူပင်သောကတွေကို လျှော့ချနိုင်တဲ့အချက်တွေကလည်း သင့်အားအင်တွေ ပြည့်ဖြိုးဖို့ အတော်ကိုအထောက်အကူပြုမှာပဲဖြစ်ပါတယ်။
ဒီလို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့အတွက် အားအင်ပြည့်ဖို့ လိုနေတယ်လို့ အကြံပြုလိုက်ပါရစေ
နေကြာအောင်

ေရာဂါမ်ိဳးစုံကို ကာကြယ္ဖို႔အတြက္ လူသားေတြဟာ အားအင္ျပည့္ၿဖိဳးေနဖို႔လိုပါတယ္။ ဒီလိုအားအင္ျပည့္ၿဖိဳးေနဖို႔အတြက္ လူေတြျပဳျပင္ဖန္တီးထားတဲ့ ေဆးဝါးမ်ားကရတဲ့ ဗီတာမင္၊ သတၱဳဓါတ္မ်ားထက္ သဘာဝအတိုင္း ေနထိုင္စားေသာက္ျခင္းကရတဲ့ အာဟာရ ဓာတ္ေတြက ပိုၿပီးအားကိုးစရာပါ။
ဗီတာမင္ စီ ေဆးျပားေတြကို ေဈးႀကီးႀကီးေပးၿပီး ဝယ္ေသာက္သာထက္ အရည္႐ႊမ္းၿပီးလတ္ဆက္တဲ့ အသီးအႏွံေတြ၊ အ႐ြက္ေတြ စားေသာက္ျခင္းက အဖ်ားေရာဂါေတြကို ကာကြယ္ေပးေသာ၊ အနာက်က္ျမန္ေစေသာ ဗီတာမင္စီကိုေထာက္ပံ့ေပးပါတယ္။ ေဈးသင့္တဲ့ ေဈးခ်ိဳတဲ့ ခ်ဥ္ေပါင္၊ သံပုရာသီး၊ ပန္းေဂၚဖီ၊ င႐ုတ္ပြ၊ အားလူး စတဲ့ အသီးအႏွံေတြမွာပါလို႔ သင့္တင့္မွ်တတဲ့ ဗီတာမင္စီ ဓာတ္ကိုေပးစြမ္းႏိုင္မွာပါ။
ဇင့္ဓာတ္ကလည္း လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္နဲ႔ ဆက္စပ္ေရာဂါမ်ားအတြက္ ထိန္းခ်ဳပ္ႏိုင္ဖို႔ အေထာက္အကူျပဳတဲ့ အားျဖည့္အာဟာရဓာတ္ျဖစ္လို႔ သဘာဝကေနပဲ ရယူသင့္ပါတယ္။ ငါး၊ ႏို႔ထြက္ပစၥည္း၊ ၾကက္ဥ၊ပဲ၊ ပဲျပား၊မႈိ တို႔မွာ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ဒီအစားအစာေတြကို ေန႔တိုင္း တစ္မ်ိဳးသို႔မဟုတ္ ႏွစ္မ်ိဳး ပါဝင္ေအာင္စားေပးျခင္းကလိုအပ္တဲ့ ဇင့္ဓာတ္ကို ျဖည့္စြမ္းေပးမွာပဲျဖစ္ပါတယ္။
ကိုဗစ္ေပ်ာက္ကင္းဖို႔အတြက္ ဗီတာမင္ဒီက ဆက္စပ္ပံ့ပိုးတယ္လို႔ သုေတသနေတြကထုတ္ေျပာမေျပာၾကားေပမဲ့ က်န္းမာေနတဲ့ လူတစ္ေယာက္ျဖစ္ဖို႔အတြက္ ဗီတာမင္ဒီကလည္းလိုအပ္ပါတယ္။ အီေကြတာနဲ႔ နီးတဲ့ ျမန္မာႏိုင္ငံအတြက္ မနက္ခင္းေနႏုႏုဟာ ဗီတာမင္ဒီဓာတ္ကို ျပည့္ျပည့္ဝဝရေစမယ့္ အရင္းအျမစ္ႀကီးပါပဲ။ အစားအစာေတြမွာပါသြားတဲ့ ကယ္လ္စီယမ္ကိုအူလမ္းေၾကာင္းကေနဖယ္ထုတ္ေပးႏိုင္စြမ္းရွိတဲ့ ဗီတာမင္ဒီဟာ အ႐ိုးအဆစ္ေတြက်န္းမာေရးေကာင္းေနဖို႔အတြက္ အေထာက္အကူျပဳတာပါ။ သဘာဝကရတဲ့ ေဆးကေဈးမႀကီးေပမဲ့ တန္ဖိုးရလဒ္ကေတာ့ အံမခန္းပါပဲ။
ပုံမွန္ကိုယ္လက္လႈပ္ရွားမႈရွိဖို႔၊ အိပ္ေရးဝဝအိပ္ဖို႔နဲ႔ ပူပင္ေသာကေတြကို ေလွ်ာ့ခ်ႏိုင္တဲ့အခ်က္ေတြကလည္း သင့္အားအင္ေတြ ျပည့္ၿဖိဳးဖို႔ အေတာ္ကိုအေထာက္အကူျပဳမွာပဲျဖစ္ပါတယ္။
ဒီလို ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ဖို႔အတြက္ အားအင္ျပည့္ဖို႔ လိုေနတယ္လို႔ အႀကံျပဳလိုက္ပါရေစ
ေနၾကာေအာင္

Be the first to comment

Leave a comment

Your email address will not be published.


*