အိုဘယ့် အိုမီခရွန်

ကမ္ဘာကြီးက မကြိုဆိုပေမဲ့ ထပ်ပြီးရောက်လာတာကတော့ အိုမီခရွန်ပါ။ လူသားအားလုံးကိုသောကဝေစေခဲ့တဲ့ ကိုဗစ်ရဲ့ ငါးဆက်မြောက် မျိုးကွဲပဲဖြစ်ပါတယ်။
မျိုးကွဲသစ်နဲံပတ်သက်ပြီး စောင့်ကြည့်နေရဆဲအခြေအနေမှာ ကူးစက်မှုနှုန်း၊ ရောဂါဝေဒနာပြင်းထန်မှု၊ ကာကွယ်ဆေးတိုးမတိုး စတဲ့အချက်အလက်တွေကတော့ ဝေဝါးဆဲပါပဲ။ ခုရေးနေစဉ်ကာလမှာပဲ အိုမီခရွန်ဟာ ဂျပန်၊ ပြင်သစ်တို့ထိ ခြေဆန့်နေပါပြီ။ တောင်အာဖရိကမှာဖြစ်နေတဲ့ ထောင်ချီကူးစက်မှုဟာ အိုမီခရွန်လို့ သံသယရှိပြီးနောက်မှာပဲ တကမ္ဘာလုံးခရီးစဉ်တွေပိတ်ကြသိမ်းကြနဲ့ ကိုဗစ်တစ်ပတ်လည်ဒုက္ခတွေပြန်စလာပါပြီ။ ပညာရှင်တွေခန့်မှန်းထားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေဟာလည်း ပြန်လျှော့နေရပြန်ပါပြီ။
မည်သို့ပင်ဖြစ်စေ ဖျားနာနေရင်ခွဲနေဖို့၊ ကာကွယ်ဆေးတွေဆက်ထိုးဖို့၊ နှာခေါင်းစည်းတွေ မျက်နှာ‌ေပါ်မှာရှိနေဖို့၊ လက်ဆေးဖို့ကတော့ ပညာရှင်တွေကတိုက်တွန်းနေပါတယ်။ အမျိုးကွဲပေမဲ့ ဗီဇတူတဲ့အတွက်မူရင်းကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ တူနေမှာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ WHO ကလည်း အခြားမျိုးကွဲ တွေနဲံယှဉ်ရင် အိုမီခရွန်က ပိုပြီးဒုက္ခပေးနိုင်တယ်လို့ အပြေးအလွှားထုတ်ပြန်ပြီးဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ညီအစ်ကိုမသိတသိကာလမှာ မူလပထမ ကိုဗစ်ကြီးကို ကာကွယ်ဖို့ လုပ်ခဲ့တဲ့ လက်ဆေး၊ ခပ်ခွာခွာနေ၊ နှာခေါင်းစည်းသုံး၊ လူထူထပ်တာတွေရှောင်ဖို့ Myanmar Note ကနေ ထပ်လောင်း သတိပေးလိုက်ပါတယ်။
နေကြာအောင်

အိုဘယ့္ အိုမီခ႐ြန္

ကမာၻႀကီးက မႀကိဳဆိုေပမဲ့ ထပ္ၿပီးေရာက္လာတာကေတာ့ အိုမီခ႐ြန္ပါ။ လူသားအားလုံးကိုေသာကေဝေစခဲ့တဲ့ ကိုဗစ္ရဲ႕ ငါးဆက္ေျမာက္ မ်ိဳးကြဲပဲျဖစ္ပါတယ္။


မ်ိဳးကြဲသစ္နဲံပတ္သက္ၿပီး ေစာင့္ၾကည့္ေနရဆဲအေျခအေနမွာ ကူးစက္မႈႏႈန္း၊ ေရာဂါေဝဒနာျပင္းထန္မႈ၊ ကာကြယ္ေဆးတိုးမတိုး စတဲ့အခ်က္အလက္ေတြကေတာ့ ေဝဝါးဆဲပါပဲ။ ခုေရးေနစဥ္ကာလမွာပဲ အိုမီခ႐ြန္ဟာ ဂ်ပန္၊ ျပင္သစ္တို႔ထိ ေျခဆန႔္ေနပါၿပီ။ ေတာင္အာဖရိကမွာျဖစ္ေနတဲ့ ေထာင္ခ်ီကူးစက္မႈဟာ အိုမီခ႐ြန္လို႔ သံသယရွိၿပီးေနာက္မွာပဲ တကမာၻလုံးခရီးစဥ္ေတြပိတ္ၾကသိမ္းၾကနဲ႔ ကိုဗစ္တစ္ပတ္လည္ဒုကၡေတြျပန္စလာပါၿပီ။ ပညာရွင္ေတြခန႔္မွန္းထားတဲ့ စီးပြားေရးတိုးတက္မႈႏႈန္းေတြဟာလည္း ျပန္ေလွ်ာ့ေနရျပန္ပါၿပီ။
မည္သို႔ပင္ျဖစ္ေစ ဖ်ားနာေနရင္ခြဲေနဖို႔၊ ကာကြယ္ေဆးေတြဆက္ထိုးဖို႔၊ ႏွာေခါင္းစည္းေတြ မ်က္ႏွာ‌ေပၚမွာရွိေနဖို႔၊ လက္ေဆးဖို႔ကေတာ့ ပညာရွင္ေတြကတိုက္တြန္းေနပါတယ္။ အမ်ိဳးကြဲေပမဲ့ ဗီဇတူတဲ့အတြက္မူရင္းကူးစက္ႏိုင္တဲ့နည္းလမ္းေတြကေတာ့ တူေနမွာျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။ WHO ကလည္း အျခားမ်ိဳးကြဲ ေတြနဲံယွဥ္ရင္ အိုမီခ႐ြန္က ပိုၿပီးဒုကၡေပးႏိုင္တယ္လို႔ အေျပးအလႊားထုတ္ျပန္ၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီလို ညီအစ္ကိုမသိတသိကာလမွာ မူလပထမ ကိုဗစ္ႀကီးကို ကာကြယ္ဖို႔ လုပ္ခဲ့တဲ့ လက္ေဆး၊ ခပ္ခြာခြာေန၊ ႏွာေခါင္းစည္းသုံး၊ လူထူထပ္တာေတြေရွာင္ဖို႔ Myanmar Note ကေန ထပ္ေလာင္း သတိေပးလိုက္ပါတယ္။
ေနၾကာေအာင္

Be the first to comment

Leave a comment

Your email address will not be published.


*