အိပ်ပျော်အောင် အိပ်ကြရ‌အောင်

Adorable little child is sleeping in the bed with her toy. The girl is hugging the teddy bear.

အခက်အခဲတွေများ ဖိအားတွေများလာလေလေ အိပ်ပျော်ဖို့ ခက်လေလေပါပဲ။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်းက နေ့စဉ်လုပ်ငန်းတွေကိုထိခိုင်နိုင်သလို ကျန်းမာရေးပြဿနာများထိပါဖြစ်လာနိုင်တာကြောင့် ဂရုတစိုက်ရှိဖို့လိုပါတယ်။ လူတိုင်းမှာ အိပ်မပျော်တဲ့ အကြောင်းရင်းတွေ မတူကြပေမဲ့ အိပ်ပျော်အောင်လုပ်နိုင်မယ့် နည်းလေးတွေကတော့ တူနိုင်ပါတယ်။ဘယ်လိုအိပ်ပျော်အောင်လုပ်ကြမလဲဆိုတာ ဖတ်ကြည့်ကြရအောင်။(၁) သင့်တင့်မျှတတဲ့ အခန်းအပူချိန်ရှိပါစေပူလွန်းအေးလွန်းပြီး လေဝင်လေထွက်မကောင်းတဲ့ အခန်းမျိုးဟာ ဘယ်လိုအကြောင်းနဲ့မှ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကိုဖြစ်စေမှာမဟုတ်ပါဘူး။


(၂) မှိုနံ့ဆွဲပြီး လပေါင်းများစွာအသုံးပြုထားတဲ့ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကိုလည်း အချိန်မှန်မှန် လျှော်ဖွတ်လဲ သန့်စင်ဖို့လည်းလိုပါတယ်။
(၃) အိပ်ခါနီးလန်းလန်းဆန်းဆန်းဖြစ်အောင် ရေချိုးခြင်း (ရာသီအလိုက် ရေပူရေအေး)ကလည်း အိပ်ပျော်ဖို့အထောက်အကူပြုပါတယ်။
(၄) အကောင်းမြင်စိတ်ဖြင့် တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်းကလည်း စိတ်ငြိမ်းအေးမှုကို အထောက်အကူပြုပြီး ကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။
(၅) အပူလှိုင်းများထွက်စေတဲ့ ဖုန်း၊ တီဗွီ၊ ရေခဲသတ္တော စတဲ့လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားသင့်ပြီး အိပ်ရာရဲ့ အဝေးမှာ ထားသင့်ပါတယ်။
(၆) အတွေးများခြင်းကို ရှောင်ကြဉ်ဖို့ မဖြစ်မနေလိုပါတယ်။ မဖြစ်မနေတွေးရမယ့်အရာဆိုရင်တောင်မနက်ဖြန်မိုးလင်းမှ စဉ်းစားပြီးလုပ်မယ်ဆိုပြီး အတွေးထဲကနေ ဖယ်ထုတ်ပစ်ပါ။
(၇) မူးယစ်စေတဲ့ အရာ၊ ကော်ဖီ၊ လက်ဖက်အပါအဝင် အစားအစာများ အိပ်ရာဝင်ခါနီးစားတာမျိုးမလုပ်ပါနဲ့။
(၉) သွေးပူလှုပ်ရှားမှုမရှိတဲ့သူအတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်ခဲစေပါတယ်။ အနည်းဆုံး ချွေးလေးစို့စေမယ့် လေ့ကျင့်ခန့်သေးသေးလေးတွေ နေ့စဉ်လုပ်ပေးဖို့လိုပါတယ်။


ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ကြပါစေ
နေကြာအောင်

အခက္အခဲေတြမ်ား ဖိအားေတြမ်ားလာေလေလ အိပ္ေပ်ာ္ဖို႔ ခက္ေလေလပါပဲ။ ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ႏိုင္ျခင္းက ေန႔စဥ္လုပ္ငန္းေတြကိုထိခိုင္ႏိုင္သလို က်န္းမာေရးျပႆနာမ်ားထိပါျဖစ္လာႏိုင္တာေၾကာင့္ ဂ႐ုတစိုက္ရွိဖို႔လိုပါတယ္။ လူတိုင္းမွာ အိပ္မေပ်ာ္တဲ့ အေၾကာင္းရင္းေတြ မတူၾကေပမဲ့ အိပ္ေပ်ာ္ေအာင္လုပ္ႏိုင္မယ့္ နည္းေလးေတြကေတာ့ တူႏိုင္ပါတယ္။ဘယ္လိုအိပ္ေပ်ာ္ေအာင္လုပ္ၾကမလဲဆိုတာ ဖတ္ၾကည့္ၾကရေအာင္။
(၁) သင့္တင့္မွ်တတဲ့ အခန္းအပူခ်ိန္ရွိပါေစပူလြန္းေအးလြန္းၿပီး ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းမ်ိဳးဟာ ဘယ္လိုအေၾကာင္းနဲ႔မွ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ျခင္းကိုျဖစ္ေစမွာမဟုတ္ပါဘူး။
(၂) မႈိနံ႔ဆြဲၿပီး လေပါင္းမ်ားစြာအသုံးျပဳထားတဲ့ အိပ္ရာခင္း၊ ေခါင္းအုံးစြပ္ေတြကိုလည္း အခ်ိန္မွန္မွန္ ေလွ်ာ္ဖြတ္လဲ သန႔္စင္ဖို႔လည္းလိုပါတယ္။
(၃) အိပ္ခါနီးလန္းလန္းဆန္းဆန္းျဖစ္ေအာင္ ေရခ်ိဳးျခင္း (ရာသီအလိုက္ ေရပူေရေအး)ကလည္း အိပ္ေပ်ာ္ဖို႔အေထာက္အကူျပဳပါတယ္။
(၄) အေကာင္းျမင္စိတ္ျဖင့္ တရားမွတ္ျခင္း၊ ေယာဂက်င့္ျခင္းကလည္း စိတ္ၿငိမ္းေအးမႈကို အေထာက္အကူျပဳၿပီး ေကာင္းမြန္စြာ အိပ္စက္ေစႏိုင္ပါတယ္။
(၅) အပူလႈိင္းမ်ားထြက္ေစတဲ့ ဖုန္း၊ တီဗြီ၊ ေရခဲသေတၱာ စတဲ့လွ်ပ္စစ္ပစၥည္းေတြကို ပိတ္ထားသင့္ၿပီး အိပ္ရာရဲ႕ အေဝးမွာ ထားသင့္ပါတယ္။
(၆) အေတြးမ်ားျခင္းကို ေရွာင္ၾကဥ္ဖို႔ မျဖစ္မေနလိုပါတယ္။ မျဖစ္မေနေတြးရမယ့္အရာဆိုရင္ေတာင္မနက္ျဖန္မိုးလင္းမွ စဥ္းစားၿပီးလုပ္မယ္ဆိုၿပီး အေတြးထဲကေန ဖယ္ထုတ္ပစ္ပါ။
(၇) မူးယစ္ေစတဲ့ အရာ၊ ေကာ္ဖီ၊ လက္ဖက္အပါအဝင္ အစားအစာမ်ား အိပ္ရာဝင္ခါနီးစားတာမ်ိဳးမလုပ္ပါနဲ႔။
(၉) ေသြးပူလႈပ္ရွားမႈမရွိတဲ့သူအတြက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ဖို႔ခက္ခဲေစပါတယ္။ အနည္းဆုံး ေခြၽးေလးစို႔ေစမယ့္ ေလ့က်င့္ခန႔္ေသးေသးေလးေတြ ေန႔စဥ္လုပ္ေပးဖို႔လိုပါတယ္။
ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ၾကပါေစ
ေနၾကာေအာင္

Be the first to comment

Leave a comment

Your email address will not be published.


*