အာဏာသိမ်းခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့မေးခွန်း ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့ဖူးတဲ့ အဖြေ

Council on Foreign Relations,UK က ကမကထ ကျင်းပတဲ့ ဗွီဒီယိုကွန်ဖရင့် ညီလာခံ၌ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းဖို့ ရှိမရှိ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် က ဖြေသွားခဲ့ဖူးတာကို ဖော်ပြပေး လိုက်ပါတယ်။

“ဒီကိစ္စက လူတိုင်းနီးပါး စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စပါ အခု လက်ရှိ အနေအထားက မြန်မာနိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက အုပ်ချုပ်နေတာ ဖြစ်တယ်။

NLD အစိုးရကို ဖယ်ရှားဖို့ဆိုရင် ဖွဲ့စည်း ပုံအတိုင်း လုပ်လို့မရဘဲ ဖွဲ့စည်းပုံကို လျစ်လျူရှု ဖောက် ဖျက်ပြီး လုပ်မှရမယ်။ ဒီလိုလုပ်ပြန်ရင်လည်း ပေးဆပ်ရမှာတွေကတော့ မတန်တဆပါပဲ။

နောက်တစ်ခုက ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းပြည်ရှိ လူ ထုအနေနဲ့ အရင်နှစ် ၅၀ အတွင်း တစ်ကြိမ်မှ မခံစားဖူးတဲ့ လွတ်လပ်ခွင့် အရသာကို ကောင်းစွာ မြည်းစမ်းပြီး ဖြစ်နေတဲ့အတွက်

ဒီလို အာဏာသိမ်းလို့ရှိရင် နိုင်ငံရေးအရ အလွန်အန္တရာယ်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေပေါ် ပေါက်လာပြီး မယုံကြည်နိုင်လောက်အောင် ကသောင်း ကနင်းတွေ ဖြစ်လာဖို့ပဲ ရှိပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။

Source ; DHA NA – ဓန

——–

“စစ္တပ္ကအာဏာသိမ္းခဲ့ရင္ ဘာျဖစ္မလဲဆိုတဲ့ေမးခြန္း အေပၚ ေဒၚေအာင္ဆန္းစုၾကည္ ေျဖခဲ့ဖူးတဲ့ အေျဖ”

Council on Foreign Relations,UK က ကမကထ က်င္းပတဲ့ ဗြီဒီယိုကြန္ဖရင့္ ညီလာခံ၌ ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းဖို႔ ရွိမရွိ ေမးျမန္းခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ က ေျဖသြားခဲ့ဖူးတာကို ေဖာ္ျပေပး လိုက္ပါတယ္။

“ဒီကိစၥက လူတိုင္းနီးပါး စိုးရိမ္မကင္း ျဖစ္ေနတဲ့ ကိစၥပါ အခု လက္ရွိ အေနအထားက ျမန္မာႏိုင္ငံဟာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေဘာင္အတြင္းက အုပ္ခ်ဳပ္ေနတာ ျဖစ္တယ္။

NLD အစိုးရကို ဖယ္ရွားဖို႔ဆိုရင္ ဖြဲ႕စည္း ပုံအတိုင္း လုပ္လို႔မရဘဲ ဖြဲ႕စည္းပုံကို လ်စ္လ်ဴရႈ ေဖာက္ ဖ်က္ၿပီး လုပ္မွရမယ္။ ဒီလိုလုပ္ျပန္ရင္လည္း ေပးဆပ္ရမွာေတြကေတာ့ မတန္တဆပါပဲ။

ေနာက္တစ္ခုက ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း တိုင္းျပည္ရွိ လူ ထုအေနနဲ႔ အရင္ႏွစ္ ၅၀ အတြင္း တစ္ႀကိမ္မွ မခံစားဖူးတဲ့ လြတ္လပ္ခြင့္ အရသာကို ေကာင္းစြာ ျမည္းစမ္းၿပီး ျဖစ္ေနတဲ့အတြက္

ဒီလို အာဏာသိမ္းလို႔ရွိရင္ ႏိုင္ငံေရးအရ အလြန္အႏၲရာယ္ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြေပၚ ေပါက္လာၿပီး မယုံၾကည္ႏိုင္ေလာက္ေအာင္ ကေသာင္း ကနင္းေတြ ျဖစ္လာဖို႔ပဲ ရွိပါတယ္ ” လို႔ ေျဖၾကားခဲ့ပါတယ္။

Source ; DHA NA – ဓန

Be the first to comment

Leave a comment

Your email address will not be published.


*