မြန်မာပြည်သူတွေ နှစ်၂၀အတွင်း အဆင်းရဲဆုံး အခြေအနေရောက်နေကြောင်း ကုလထိပ်တန်းအရာရှိ ပြော

စက်တင်ဘာလ ၃၀ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ဆင်းရဲကျပ်တည်းမှုတွေ ကြုံနေရတဲ့အကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေး ညှိနှိုင်းရေးမှူး မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ် က အွန်လိုင်းကနေ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာပေါ်မှာ အကျပ်အတည်း Crisis ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီး၊ ဘယ်လို စံနှုန်းနဲ့သတ်မှတ်ပြီး ပြောတာဖြစ်ဖြစ်၊ မြန်မာပြည်သူတွေ အတွက်ကတာ့ အခုအချိန်မှာ အလွန်ဆိုးဝါးတဲ့ အကျပ်အတည်းကြီး တစ်ခုထဲကို ရောက်နေတယ်လို့ မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်ကဆိုရင် ကုလသမဂ္ဂကနေ ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခ ရောက်နေတဲ့ ပြည်သူ တစ်သန်းလောက်ကို အကူအညီ အထောက်အပံ့တွေ ပေးနေခဲ့ပါတယ်။ အခုတော့ အကူအညီလိုအပ်တဲ့သူ အရေအတွက်ဟာ သုံးသန်းလောက်အထိ တိုးလာပါတယ်။ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ရှစ်လအတွင်းမှာ အခုလို သုံးဆအထိ တိုးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် မြန်မာ ပြည်သူ သန်း၂၀လောက်ဟာ ကုလသမဂ္ဂရဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းရဲ့ အောက်ကို ရောက်သွား ပါတယ်။ ဒါက တစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်လောက်ရှိပါတယ်။ ဒါဟာ အနည်းဆုံး နှစ်၂၀ လောက် အတွင်း မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဘူးတဲ့ ဆင်းရဲမွဲတေမှု အခြေအနေမျိုးရောက်နေတာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို စားနပ်ရိက္ခာ၊ ငွေသား၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ ဖြန့်ဖြူးပေးနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံအနှံ့က ပြည်သူ တစ်သန်းခွဲလောက်ကို စားနပ် ရိက္ခာ နဲ့ ငွေသား အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ ကိုရိုနာ ကပ်ရောဂါဆိုင်ရာ အကန့်အသတ်တွေ၊ ဝေးလံတဲ့ ဒေသတွေဆီကို မသွားရောက်နိုင်တာအပြင်၊ ဒေသ လုံခြုံရေး အခြေအနေ တွေကြောင့် အကူအညီ လိုအပ်နေတဲ့ ပြည်သူ တွေကို လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ခြင်း မရှိတဲ့အကြောင်းလည်း က ပြောပါတယ်။
“အခုနှစ်အတွက် အကူအညီလိုအပ်နေတဲ့ လူသုံးသန်းလောက်အတွက် ရန်ပုံငွေ ဒေါ်လာ ၃၈၅သန်း ချထားပေးဖို့ တောင်းခံထားပါတယ်။ ဒီနေ့အထိတော့ အဲဒီလိုအပ်ချက်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ရပါသေးတယ်။ အခုနှစ်အတွက် ဒေါ်လာသန်း၂၅၀ လောက် လိုနေပါတယ်။ ဒါကြောင့်မို့ အကူအညီ လိုနေတဲ့ သူအားလုံးကို သွားရောက် အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။”
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက် လာရင် အမှန်တကယ် လိုအပ်နေတာဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။ အခုအချိန်မှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာက မြန်မာ့နိုင်ငံ အကျပ်အတည်းအတွက် လုပ်ဆောင်မှုတွေဟာ မထိရောက်တဲ့အတွက် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာကိုလည်း သိရှိကြောင်း ကာ့ဒ်ဝုဒ်က ပြောပါတယ်။

“နောက်ထပ် လူဘယ်နှစ်ယောက်ထပ်ပြီး အသက်ပေးရဦးမှာလဲဆိုတဲ့ စာတမ်း ကိုင်ဆောင်ပြီး ဆန္ဒပြနေတဲ့ လူတွေကို ကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။ မြန်မာ ပြည်သူတွေဟာ နိုင်ငံတကာကနေ ဟန်ချက်ညီပြီး ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် မြန်မာပြည်သူ အချို့ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ရောက်လာတာကို မြင်ချင်နေကြ ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အဖွဲ့ကြီးအပေါ်မှာ တော်တော်ကြီးမားတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်လို့ရတာ အားလုံး လုပ်နေပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ အကြားမှာတော့ နိုင်ငံတကာက ဒီထက်မက လုပ်မပေးနိုင်တဲ့အတွက် စိတ်ပျက်နေကြပါတယ်။”
မြန်မာနိုင်ငံမှာ အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ အကူအညီပေးအပ်မယ့် လုပ်သားတွေကို လိုအပ်နေတဲ့ နေရာတွေကို လုံခြုံစိတ်ချစွာနဲ့ အတားအဆီးမရှိ သွားရောက်နိုင်အောင် ကူညီဆောင်ရွက် ပေးကြဖို့ကိုလည်း မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ်က သက်ဆိုင်သူအားလုံးကို တောင်းဆိုသွားပါတယ်။

——————-

စက္တင္ဘာလ ၃၀ရက္ေန႔က နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္သူေတြ ဆင္းရဲက်ပ္တည္းမႈေတြ ႀကဳံေနရတဲ့အေၾကာင္း ျမန္မာႏိုင္ငံ ကုလသမဂၢ ယာယီဌာေန ကိုယ္စားလွယ္ႏွင့္ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးအပ္ေရး ညႇိႏႈိင္းေရးမႉး မစၥတာ အန္ဒ႐ူး ကာ့ဒ္ဝုဒ္ က အြန္လိုင္းကေန ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ဒီေန႔ ကမာၻေပၚမွာ အက်ပ္အတည္း Crisis ဆိုတဲ့ စကားလုံးကို တြင္တြင္က်ယ္က်ယ္ သုံးေနၾကၿပီး၊ ဘယ္လို စံႏႈန္းနဲ႔သတ္မွတ္ၿပီး ေျပာတာျဖစ္ျဖစ္၊ ျမန္မာျပည္သူေတြ အတြက္ကတာ့ အခုအခ်ိန္မွာ အလြန္ဆိုးဝါးတဲ့ အက်ပ္အတည္းႀကီး တစ္ခုထဲကို ေရာက္ေနတယ္လို႔ မစၥတာ အန္ဒ႐ူး ကာ့ဒ္ဝုဒ္က ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာမသိမ္းခင္ကဆိုရင္ ကုလသမဂၢကေန ပဋိပကၡေတြေၾကာင့္ ဆင္းရဲဒုကၡ ေရာက္ေနတဲ့ ျပည္သူ တစ္သန္းေလာက္ကို အကူအညီ အေထာက္အပံ့ေတြ ေပးေနခဲ့ပါတယ္။ အခုေတာ့ အကူအညီလိုအပ္တဲ့သူ အေရအတြက္ဟာ သုံးသန္းေလာက္အထိ တိုးလာပါတယ္။ စစ္တပ္က အာဏာ သိမ္းလိုက္တဲ့ ရွစ္လအတြင္းမွာ အခုလို သုံးဆအထိ တိုးလာတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ျမန္မာ ျပည္သူ သန္း၂၀ေလာက္ဟာ ကုလသမဂၢရဲ႕ ဆင္းရဲမြဲေတမႈ သတ္မွတ္ခ်က္မ်ဥ္းရဲ႕ ေအာက္ကို ေရာက္သြား ပါတယ္။ ဒါက တစ္ႏိုင္ငံလုံး လူဦးေရရဲ႕ ထက္ဝက္ေလာက္ရွိပါတယ္။ ဒါဟာ အနည္းဆုံး ႏွစ္၂၀ ေလာက္ အတြင္း ျမန္မာႏိုင္ငံမွာ တစ္ခါမွ မႀကဳံဘူးတဲ့ ဆင္းရဲမြဲေတမႈ အေျခအေနမ်ိဳးေရာက္ေနတာ ျဖစ္ပါတယ္။”

ကုလသမဂၢ ေအဂ်င္စီ အဖြဲ႕အစည္းေတြဟာ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ေနသူေတြကို စားနပ္ရိကၡာ၊ ေငြသား၊ အေျခခံ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ေသာက္သုံးေရနဲ႔ တစ္ကိုယ္ေရ သန႔္ရွင္းေရးသုံးပစၥည္းေတြ ျဖန႔္ျဖဴးေပးေနၿပီး၊ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း ႏိုင္ငံအႏွံ႔က ျပည္သူ တစ္သန္းခြဲေလာက္ကို စားနပ္ ရိကၡာ နဲ႔ ေငြသား အကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ သူက ေျပာပါတယ္။

ကုလသမဂၢ ေအဂ်င္စီေတြအေနနဲ႔ ကို႐ိုနာ ကပ္ေရာဂါဆိုင္ရာ အကန႔္အသတ္ေတြ၊ ေဝးလံတဲ့ ေဒသေတြဆီကို မသြားေရာက္ႏိုင္တာအျပင္၊ ေဒသ လုံၿခဳံေရး အေျခအေန ေတြေၾကာင့္ အကူအညီ လိုအပ္ေနတဲ့ ျပည္သူ ေတြကို လူသားခ်င္း စာနာမႈ အကူအညီေတြ ထိထိေရာက္ေရာက္ ေပးအပ္ႏိုင္ျခင္း မရွိတဲ့အေၾကာင္းလည္း က ေျပာပါတယ္။
“အခုႏွစ္အတြက္ အကူအညီလိုအပ္ေနတဲ့ လူသုံးသန္းေလာက္အတြက္ ရန္ပုံေငြ ေဒၚလာ ၃၈၅သန္း ခ်ထားေပးဖို႔ ေတာင္းခံထားပါတယ္။ ဒီေန႔အထိေတာ့ အဲဒီလိုအပ္ခ်က္ရဲ႕ ေလးပုံတစ္ပုံေလာက္ပဲ ရပါေသးတယ္။ အခုႏွစ္အတြက္ ေဒၚလာသန္း၂၅၀ ေလာက္ လိုေနပါတယ္။ ဒါေၾကာင့္မို႔ အကူအညီ လိုေနတဲ့ သူအားလုံးကို သြားေရာက္ အကူအညီေပးႏိုင္မွာ မဟုတ္ပါဘူး။”

ကုလသမဂၢ အေထြေထြအတြင္းေရးမႈးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္ကေတာ့ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ လာရင္ အမွန္တကယ္ လိုအပ္ေနတာဟာ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ စုစည္းညီၫြတ္တဲ့ လုပ္ေဆာင္မႈ ျဖစ္တယ္လို႔ ေျပာထားပါတယ္။ အခုအခ်ိန္မွာ ကုလသမဂၢ ဦးေဆာင္တဲ့ ႏိုင္ငံတကာက ျမန္မာ့ႏိုင္ငံ အက်ပ္အတည္းအတြက္ လုပ္ေဆာင္မႈေတြဟာ မထိေရာက္တဲ့အတြက္ ျမန္မာျပည္သူေတြ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကတာကိုလည္း သိရွိေၾကာင္း ကာ့ဒ္ဝုဒ္က ေျပာပါတယ္။

“ေနာက္ထပ္ လူဘယ္ႏွစ္ေယာက္ထပ္ၿပီး အသက္ေပးရဦးမွာလဲဆိုတဲ့ စာတမ္း ကိုင္ေဆာင္ၿပီး ဆႏၵျပေနတဲ့ လူေတြကို ကြၽန္ေတာ္ေတြ႕ျမင္ခဲ့ရပါတယ္။ ျမန္မာ ျပည္သူေတြဟာ ႏိုင္ငံတကာကေန ဟန္ခ်က္ညီၿပီး ထိေရာက္တဲ့ ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေပးဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ ဆိုရင္ ျမန္မာျပည္သူ အခ်ိဳ႕ဟာ ကုလသမဂၢ ၿငိမ္းခ်မ္းေရး တပ္ဖြဲ႕ေတြ ေရာက္လာတာကို ျမင္ခ်င္ေနၾက ပါတယ္။ ဒါဟာ ကုလသမဂၢ အဖြဲ႕ႀကီးအေပၚမွာ ေတာ္ေတာ္ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လုပ္လို႔ရတာ အားလုံး လုပ္ေနပါတယ္။ ဒါေပမဲ့ ျမန္မာျပည္သူေတြ အၾကားမွာေတာ့ ႏိုင္ငံတကာက ဒီထက္မက လုပ္မေပးႏိုင္တဲ့အတြက္ စိတ္ပ်က္ေနၾကပါတယ္။”

ျမန္မာႏိုင္ငံမွာ အေနနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြနဲ႔ အကူအညီေပးအပ္မယ့္ လုပ္သားေတြကို လိုအပ္ေနတဲ့ ေနရာေတြကို လုံၿခဳံစိတ္ခ်စြာနဲ႔ အတားအဆီးမရွိ သြားေရာက္ႏိုင္ေအာင္ ကူညီေဆာင္႐ြက္ ေပးၾကဖို႔ကိုလည္း မစၥတာ အန္ဒ႐ူး ကာ့ဒ္ဝုဒ္က သက္ဆိုင္သူအားလုံးကို ေတာင္းဆိုသြားပါတယ္။

Be the first to comment

Leave a comment

Your email address will not be published.


*