မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပြီး တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးများနိုင်

အောက်တိုဘာ ပထမ ၁၀ ရက်ပတ်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပြီး တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးများနိုင် တယ်လို့ မိုး/ဇလကထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ပထမ (၁၀)ရက်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်တွင် လေဖိအား နည်း ရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်းတိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက်တောင်မုတ်သုံလေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃ -၇) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊အောက်တိုဘာလ (၈-၁၂)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါ တယ်လို့ဆိုပါတယ်။

မိုးရွာသွန်းမှုအခြေအနေများအနေဖြင့်ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယား ပြည် နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာ နိုင်ပါတယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ဆိုပါတယ်။

————————–

ေအာက္တိုဘာ ပထမ ၁၀ ရက္ပတ္အတြင္း မုန္တိုင္းငယ္တစ္ခုျဖစ္ေပၚႏိုင္ၿပီး တိုင္းနဲ႔ ျပည္နယ္အခ်ိဳ႕မွာ မိုးမ်ားႏိုင္ တယ္လို႔ မိုး/ဇလကထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာလ ပထမ (၁၀)ရက္ပတ္အတြင္းဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအား နည္း ရပ္ဝန္း(၁)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ ပိုမိုအားေကာင္းလာကာ မုန္းတိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ကာ အေနာက္ေတာင္မုတ္သုံေလသည္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ (၃ -၇) ရက္ေန႔အတြင္း ျမစ္ဝကြၽန္းေပၚေဒသမ်ားမွလည္းေကာင္း၊ေအာက္တိုဘာလ (၈-၁၂)ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္း လုံးမွလည္းေကာင္း ဆုတ္ခြာသြားဖြယ္ရာရွိပါ တယ္လို႔ဆိုပါတယ္။

မိုး႐ြာသြန္းမႈအေျခအေနမ်ားအေနျဖင့္ရွမ္းျပည္နယ္(အေရွ႕ပိုင္းႏွင့္ေတာင္ပိုင္း)ႏွင့္ ကယား ျပည္ နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ေလ်ာ့နည္းႏိုင္ကာ၊ ေနျပည္ေတာ္၊ စစ္ကိုင္း တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊

ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္း ၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာ ႏိုင္ပါတယ္လို႔ဆိုပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ရန္ကုန္တိုင္း ေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၆)ရက္မွ (၈)ရက္ခန႔္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊

မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း)၊ ဧရာဝတီ တိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္းႏွင့္ေျမာက္ပိုင္း)တို႔တြင္ (၃)ရက္မွ (၅)ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္လို႔ဆိုပါတယ္။

Be the first to comment

Leave a comment

Your email address will not be published.


*