မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ

မန္တလေးမြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ​နေ့စဉ် ချီတက်ဆန္ဒပြနေသည့် မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ယနေ့အောက်တိုဘာ ၂ရက်၊မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ရာ သံဃာ ၆ပါး အဖမ်းခံခဲ့ရကြောင်း ချီတက်ရာတွင် ပါဝင်သည့်ဆရာတော်တပါးထံမှသိရသည်။

အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို မဟာအောင်မြေမြို့နယ်၊ရွှေဘိုကျောင်းတိုက်အနီးတွင် ချီတက်နေစဉ် ကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖမ်းဆီးခံခဲ့ရပြီး ထိခိုက် မှု ရှိ၊မရှိ မသိရသေးပေ။

လက်ရှိတွင် စိန်ပန်းပင်မ ရွှေဘိုကျောင်း ပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝိုင်းထားကြောင်းသိရသည်။ရုပ်သံစာ – သံဃသပိတ်အား ဖြိုခွင်းအပြီး အရပ်ဝတ်များက ရွှေဘိုကျောင်းတိုက်အနီး စစ်ဆေးစဉ်။

———————-

မႏၲေလးၿမိဳ႕တြင္ စစ္အာဏာရွင္ျပဳတ္က်ေရး ​ေန႔စဥ္ ခ်ီတက္ဆႏၵျပေနသည့္ မႏၲေလး သံဃသမဂၢသပိတ္စစ္ေၾကာင္းကို ယေန႔ေအာက္တိုဘာ ၂ရက္၊မြန္းလြဲပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီ လက္နက္ကိုင္အဖြဲ႕က အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြင္းခဲ့ရာ သံဃာ ၆ပါး အဖမ္းခံခဲ့ရေၾကာင္း ခ်ီတက္ရာတြင္ ပါဝင္သည့္ဆရာေတာ္တပါးထံမွသိရသည္။

အၾကမ္းဖက္ စစ္ေကာင္စီလက္နက္ကိုင္အဖြဲ႕က သံဃသမဂၢသပိတ္စစ္ေၾကာင္းကို မဟာေအာင္ေျမၿမိဳ႕နယ္၊ေ႐ႊဘိုေက်ာင္းတိုက္အနီးတြင္ ခ်ီတက္ေနစဥ္ ကားျဖင့္ ဝင္တိုက္ၿပီး ပစ္ခတ္ ၿဖိဳခြင္းခဲ့ျခင္းျဖစ္သည္။သပိတ္စစ္ေၾကာင္းကို ၿဖိဳခြင္းဖမ္းဆီးခံခဲ့ရၿပီး ထိခိုက္ မႈ ရွိ၊မရွိ မသိရေသးေပ။

လက္ရွိတြင္ စိန္ပန္းပင္မ ေ႐ႊဘိုေက်ာင္း ပတ္ပတ္လည္ကို စစ္ေကာင္စီတပ္ဖြဲ႕မ်ားက အင္အားအလုံးအရင္းျဖင့္ ဝိုင္းထားေၾကာင္းသိရသည္။႐ုပ္သံစာ – သံဃသပိတ္အား ၿဖိဳခြင္းအၿပီး အရပ္ဝတ္မ်ားက ေ႐ႊဘိုေက်ာင္းတိုက္အနီး စစ္ေဆးစဥ္။

Be the first to comment

Leave a comment

Your email address will not be published.


*