တရားလိုပြသက်သေရဲ့ထွက်ချက်များနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်သီးသန့်တရားရုံးမှာပြုလုပ်ခဲ့တဲ့ အဂတိအမှုတရားခွင်အတွင်း အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေရဲ့ ထွက်ချက်များ အခြေအမြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရှေ့နေများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ALL Absurd” လို့ သူ့ရဲ့သဘောထားကို အင်္ဂလိပ်လို့တစ်ခွန်းတည်းပြောခဲ့တာပါ။“ “ALL Absurd” လို့ အင်္ဂလိပ်လို နှစ်လုံးတည်းပဲပြောတာ။ ဒီစကားလုံးကတော့ ပြောရရင် အခြေအမြစ်မရှိဘူး။ ဖရိုဖရဲပဲလို့ ပြောရမှာပေါ့။

“You Know Who” ဆိုတာဘယ်သူ့ကိုပြောတာလဲ ခင်ဗျားတို့သိမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အမှုတစ်ခုရဲ့ သက်သေထွက်ဆိုချက်တွေက အုံးအုံးကျွတ်ကျွတ်ဖြစ်သွားတယ်လေ။” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးခင်မောင်ဇော်က ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်သောကြာနေ့က နေပြည်တော်သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲထားတဲ့ အဂတိအမှုလေးမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေအဖြစ် အဂတိအမှု နံပါတ် ၂ အတွက် ဦးဖြိုးမင်းသိန်း၊ နံပါတ် (၅)အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးတို့က လာရောက်ထွက်ဆိုခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းကတော့ ရွှေ ၇ ပိဿာနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့တယ်လို့ ထွက်ဆိုခဲ့တာပါ။ယနေ့ နေပြည်တော်က သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုများဖြစ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့နဲ့ပတ်သက်ပြီး စစ်ဆေးခဲ့ပါတယ်။

ပထမဦးဆုံး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့နဲ့ ပတ်သက်ပြီး ယခင်တစ်ပတ်က တရားလိုပြသက်သေအားလုံးကို စစ်မေးပြီးသွားပြီဖြစ်တဲ့အတွက် ယနေ့မှာ နှစ်ဖက်ရှေ့နေတွေက စွဲချက်လျှောက်လဲချက်တင်ခဲ့ပါတယ်။ ဒီစွဲချက်လျှောက်လဲချက်တွေနဲ့ပတ်သက်ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ စွဲချက်တင်သင့်မတင်သင့်အမိန့်ချမှာဖြစ်ပါတယ်။

နောက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ပတ်သက်ပြီး တရားလိုဘက်က နောက်တိုးသက်သေတစ်ဦးထပ်တိုးဖို့ တင်ပြထားတဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေများက ယခင်တစ်ပတ်တုန်းက ကန့်ကွက်ထားပေမယ့် တရားသူကြီးက ယနေ့ရုံးချိန်းမှာ ထပ်တိုးခွင့်ပြုပေးခဲ့ပါတယ်။

ယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးအရ ရုံးချိန်းတွေကို တစ်ပတ်ခြားရွှေ့ဆိုင်းပြီးပြုလုပ်ပေးဖို့ လျှောက်လွှာကိုယ်တိုင်ရေးပြီး တရားရုံးကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ကန့်ကွက်ခဲ့ပြီး တရားသူကြီးကလည်း နောက်တစ်ပတ်ကျမှ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်မယ်လို့ အမိန့်ချခဲ့ပါတယ်။

Burma Associated Press ။Photo – BAP

—————————–

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေနျပည္ေတာ္သီးသန႔္တရား႐ုံးမွာျပဳလုပ္ခဲ့တဲ့ အဂတိအမႈတရားခြင္အတြင္း အဂတိအမႈနဲ႔ပတ္သက္ၿပီး တရားလိုျပသက္ေသရဲ႕ ထြက္ခ်က္မ်ား အေျခအျမစ္မရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ ေရွ႕ေနမ်ားႏွင့္ ေတြ႕ဆုံစဥ္ေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က “ALL Absurd” လို႔ သူ႔ရဲ႕သေဘာထားကို အဂၤလိပ္လို႔တစ္ခြန္းတည္းေျပာခဲ့တာပါ။“ “ALL Absurd” လို႔ အဂၤလိပ္လို ႏွစ္လုံးတည္းပဲေျပာတာ။ ဒီစကားလုံးကေတာ့ ေျပာရရင္ အေျခအျမစ္မရွိဘူး။ ဖ႐ိုဖရဲပဲလို႔ ေျပာရမွာေပါ့။

“You Know Who” ဆိုတာဘယ္သူ႔ကိုေျပာတာလဲ ခင္ဗ်ားတို႔သိမယ္ထင္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က အမႈတစ္ခုရဲ႕ သက္ေသထြက္ဆိုခ်က္ေတြက အုံးအုံးကြၽတ္ကြၽတ္ျဖစ္သြားတယ္ေလ။” လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ဆိုပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္ေသာၾကာေန႔က ေနျပည္ေတာ္သီးသန႔္တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုတရားစြဲထားတဲ့ အဂတိအမႈေလးမႈနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ုံးထုတ္ခဲ့ၿပီး တရားလိုျပသက္ေသအျဖစ္ အဂတိအမႈ နံပါတ္ ၂ အတြက္ ဦးၿဖိဳးမင္းသိန္း၊ နံပါတ္ (၅)အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးတို႔က လာေရာက္ထြက္ဆိုခဲ့ပါတယ္။

ဦးၿဖိဳးမင္းသိန္းကေတာ့ ေ႐ႊ ၇ ပိႆာနဲ႔ အေမရိကန္ေဒၚလာ ၆ သိန္းကို ေဒၚေအာင္ဆန္းစုၾကည္ကိုေပးခဲ့တယ္လို႔ ထြက္ဆိုခဲ့တာပါ။ယေန႔ ေနျပည္ေတာ္က သီးသန႔္တရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုထားတဲ့ အမႈမ်ားျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇ တို႔နဲ႔ပတ္သက္ၿပီး စစ္ေဆးခဲ့ပါတယ္။

ပထမဦးဆုံး သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇တို႔နဲ႔ ပတ္သက္ၿပီး ယခင္တစ္ပတ္က တရားလိုျပသက္ေသအားလုံးကို စစ္ေမးၿပီးသြားၿပီျဖစ္တဲ့အတြက္ ယေန႔မွာ ႏွစ္ဖက္ေရွ႕ေနေတြက စြဲခ်က္ေလွ်ာက္လဲခ်က္တင္ခဲ့ပါတယ္။ ဒီစြဲခ်က္ေလွ်ာက္လဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာ စြဲခ်က္တင္သင့္မတင္သင့္အမိန႔္ခ်မွာျဖစ္ပါတယ္။

ေနာက္ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ နဲ႔ပတ္သက္ၿပီး တရားလိုဘက္က ေနာက္တိုးသက္ေသတစ္ဦးထပ္တိုးဖို႔ တင္ျပထားတဲ့ကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနမ်ားက ယခင္တစ္ပတ္တုန္းက ကန႔္ကြက္ထားေပမယ့္ တရားသူႀကီးက ယေန႔႐ုံးခ်ိန္းမွာ ထပ္တိုးခြင့္ျပဳေပးခဲ့ပါတယ္။

ယေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္က က်န္းမာေရးအရ ႐ုံးခ်ိန္းေတြကို တစ္ပတ္ျခားေ႐ႊ႕ဆိုင္းၿပီးျပဳလုပ္ေပးဖို႔ ေလွ်ာက္လႊာကိုယ္တိုင္ေရးၿပီး တရား႐ုံးကို တင္ျပခဲ့ပါတယ္။ ဒါေပမယ့္ အစိုးရေရွ႕ေနေတြက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တင္ျပခ်က္ကို ကန႔္ကြက္ခဲ့ၿပီး တရားသူႀကီးကလည္း ေနာက္တစ္ပတ္က်မွ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္မယ္လို႔ အမိန႔္ခ်ခဲ့ပါတယ္။

Burma Associated Press ။Photo – BAP

Be the first to comment

Leave a comment

Your email address will not be published.


*