တပ်ကို မင်းအဖေမှတ်နေလား ၊ –မသားတွေ” ဆိုသည့် စစ်ဗိုလ် ၏ …. မိုးမွှန်နေ(ရုပ်/သံ)

“—–မသားတွေ ၊ တပ်ကို မင်း အဖေ မှတ်နေလား ၊ ——မသားတွေ” ဆိုသည့် စစ်ဗိုလ်၏ ဆဲဆိုသံ မိုးမွှန်နေသော ဧည့်စာရင်း စစ်သည့် ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေပြီး ပြည်သူများ ဝေဖန်မှု မြင့်တက်(ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အာဏာသိမ်းပြီးနောက် ပြည်သူကို သတ်ဖြတ်ခြင်း၊ ဆဲဆိုခြင်းနှင့် ဥပဒေမဲ့ နိုင်ထက်စီးနင်း ဆက်ဆံမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်တွင်းမှ ပြည်သူများက ပြောဆိုကြသည်။

လက်ရှိတွင် လူမှုကွန်ရက်တွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်တပ်က တည်းခိုခန်းတစ်ခုကို ဝင်ရောက်စစ်ဆေးရင်း တည်းခိုခန်းမှ ဝန်ထမ်းများကို ဆဲဆို ခြိမ်းခြောက်နေသော ဗီဒီယိုဖိုင်တစ်ခုမှာ ပြန့်နှံ့နေလျက်ရှိပြီး ယင်းသို့ ပြည်သူကို ပြောဆို ဆက်ဆံမှုများမှာ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံး ပြည်သူများ ကြုံတွေ့နေရသော အခြေအနေ ဖြစ်ကြောင်း ရန်ကုန်ပြည်သူတချို့က ဆိုကြသည်။

“စစ်တပ် ဗိုလ်တွေရော စစ်သား ရဲ အကုန်လုံး ပြည်သူကို ဆဲဆို ဆက်ဆံနေကြတာပဲ။ လက်နက်အားကိုးနဲ့ပေါ့။ ပြည်သူက လက်နက်မရှိ​တော့ ငြိမ်ခံရတာပဲ။ မလုံခြုံဘူး။ အခု စဉ်းစားမိတာက နိုင်ငံ ခြားထွက်မယ်။ သူတို့နဲ့ဝေးရာ နေမယ် အဲဒါပဲ စဉ်းစားမိတော့တယ်။ သူတို့လို အရိုင်းအစိုင်းတွေနဲ့တော့ တကယ် မနေချင်တော့ဘူး” ဟု ရန်ကုန်၊ ဂျပန်စာသင်တန်းကျောင်း ဆရာတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော အလွန်ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုသည့် စစ်တပ်အရာရှိ၏ ဆဲဆိုသံ မိုးမွှန်နေသော ဗီဒီယိုကို ရန်ကုန်ခေတ်သစ်အနေ ဖြင့် ပြန်လည် ဝေမျှလိုက်ပါသည်။

————————–

“—–မသားေတြ ၊ တပ္ကို မင္း အေဖ မွတ္ေနလား ၊ ——မသားေတြ” ဆိုသည့္ စစ္ဗိုလ္၏ ဆဲဆိုသံ မိုးမႊန္ေနေသာ ဧည့္စာရင္း စစ္သည့္ ဗီဒီယိုဖိုင္ အြန္လိုင္းေပၚတြင္ ျပန႔္ႏွံ႔ေနၿပီး ျပည္သူမ်ား ေဝဖန္မႈ ျမင့္တက္(႐ုပ္/သံ)

အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစတင္၍ အာဏာသိမ္းၿပီးေနာက္ ျပည္သူကို သတ္ျဖတ္ျခင္း၊ ဆဲဆိုျခင္းႏွင့္ ဥပေဒမဲ့ ႏိုင္ထက္စီးနင္း ဆက္ဆံမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ျပည္တြင္းမွ ျပည္သူမ်ားက ေျပာဆိုၾကသည္။

လက္ရွိတြင္ လူမႈကြန္ရက္တြင္ ေအာက္တိုဘာလ ၁ ရက္ေန႔ ညပိုင္း အၾကမ္းဖက္စစ္တပ္က တည္းခိုခန္းတစ္ခုကို ဝင္ေရာက္စစ္ေဆးရင္း တည္းခိုခန္းမွ ဝန္ထမ္းမ်ားကို ဆဲဆို ၿခိမ္းေျခာက္ေနေသာ ဗီဒီယိုဖိုင္တစ္ခုမွာ ျပန႔္ႏွံ႔ေနလ်က္ရွိၿပီး ယင္းသို႔ ျပည္သူကို ေျပာဆို ဆက္ဆံမႈမ်ားမွာ ရန္ကုန္၊ မႏၲေလး အပါအဝင္ တစ္ႏိုင္ငံလုံး ျပည္သူမ်ား ႀကဳံေတြ႕ေနရေသာ အေျခအေန ျဖစ္ေၾကာင္း ရန္ကုန္ျပည္သူတခ်ိဳ႕က ဆိုၾကသည္။

“စစ္တပ္ ဗိုလ္ေတြေရာ စစ္သား ရဲ အကုန္လုံး ျပည္သူကို ဆဲဆို ဆက္ဆံေနၾကတာပဲ။ လက္နက္အားကိုးနဲ႔ေပါ့။ ျပည္သူက လက္နက္မရွိ​ေတာ့ ၿငိမ္ခံရတာပဲ။ မလုံၿခဳံဘူး။ အခု စဥ္းစားမိတာက ႏိုင္ငံ ျခားထြက္မယ္။ သူတို႔နဲ႔ေဝးရာ ေနမယ္ အဲဒါပဲ စဥ္းစားမိေတာ့တယ္။ သူတို႔လို အ႐ိုင္းအစိုင္းေတြနဲ႔ေတာ့ တကယ္ မေနခ်င္ေတာ့ဘူး” ဟု ရန္ကုန္၊ ဂ်ပန္စာသင္တန္းေက်ာင္း ဆရာတစ္ဦးက ေျပာသည္။

လူမႈကြန္ရက္တြင္ ျပန႔္ႏွံ႔ေနေသာ အလြန္႐ိုင္းစိုင္းစြာ ဆက္ဆံေျပာဆိုသည့္ စစ္တပ္အရာရွိ၏ ဆဲဆိုသံ မိုးမႊန္ေနေသာ ဗီဒီယိုကို ရန္ကုန္ေခတ္သစ္အေန ျဖင့္ ျပန္လည္ ေဝမွ်လိုက္ပါသည္။

Be the first to comment

Leave a comment

Your email address will not be published.


*