စစ်ခေါင်းဆောင် လာရောက်မည်ဟု သတင်းထွက်နေချိန် ပူတာအိုမြို့ စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်

အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည်ဟု သတင်းထွက်နေချိန် ပူတာအိုမြို့ စစ်ဆေးရေးဂိတ်ကို PDF အဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီ၏ မူလာရှီးဒီ စစ်ဆေးရေးဂိတ်အား ပူတာအို PDF အဖွဲ့များ ယနေ့နံနက်ပိုင်းက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ပူတာအိုမြို့သို့ လာရောက်မည်ဟု သတင်းများထွက်ပေါ်နေချီန်တွင် PDF အဖွဲ့များက စစ်ကောင်စီဂိတ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြခြင်း ဖြစ်သည်။

ပူတာအိုမြို့အဝင်ရှိ စစ်ကောင်စီတပ်သားများနှင့် ရဲများ ပူးပေါင်းကာ လုံခြုံရေးယူနေသော စစ်ဆေးရေးဂိတ်ကို ပူတာအို PDF များက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန် ၁ နာရီကြာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သတ်၍ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးပေ။

Ref – Kachin News Group
ဓာတ်ပုံ – ပူတာအို PDF
AyeyarwaddyTimes

အာဏာသိမ္းစစ္ေခါင္းေဆာင္ လာေရာက္မည္ဟု သတင္းထြက္ေနခ်ိန္ ပူတာအိုၿမိဳ႕ စစ္ေဆးေရးဂိတ္ကို PDF အဖြဲ႕မ်ား ဝိုင္းဝန္းတိုက္ခိုက္

ဧရာဝတီတိုင္းမ္
စက္တင္ဘာ ၂၈ ရက္

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ မူလာရွီးဒီ စစ္ေဆးေရးဂိတ္အား ပူတာအို PDF အဖြဲ႕မ်ား ယေန႕နံနက္ပိုင္းက ဝိုင္းဝန္းတိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။

အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ယေန႕တြင္ ပူတာအိုၿမိဳ႕သို႔ လာေရာက္မည္ဟု သတင္းမ်ားထြက္ေပၚေနခ်ီန္တြင္ PDF အဖြဲ႕မ်ားက စစ္ေကာင္စီဂိတ္ကို ဝိုင္းဝန္းတိုက္ခိုက္ၾကျခင္း ျဖစ္သည္။

ပူတာအိုၿမိဳ႕အဝင္ရွိ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ရဲမ်ား ပူးေပါင္းကာ လုံၿခဳံေရးယူေနေသာ စစ္ေဆးေရးဂိတ္ကို ပူတာအို PDF မ်ားက ယေန႕နံနက္ပိုင္းတြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ အခ်ိန္ ၁ နာရီၾကာ ပစ္ခတ္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုက္ပြဲႏွင့္ပတ္သတ္၍ ထိခိုက္ေသဆုံးမႈအေျခအေန မသိရေသးေပ။

Ref – Kachin News Group
ဓာတ္ပုံ – ပူတာအို PDF
AyeyarwaddyTimes

Be the first to comment

Leave a comment

Your email address will not be published.


*