ချင်းတွင်းမြစ်ရိုးတွင် သွားလာနေသည့် စစ်တပ်‌ရေယာဉ် ၂ စီး ကို PDFတိုက်ခိုက်သည့် ရုပ်သံဗီဒီယိုဖိုင် ထွက်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့မှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဆန်တတ်လာသည့် အကြမ်းဖက်စစ်ကောင်စီ ရေယာဉ် နှစ်စီးကို Kani PDF (1) နှင့် Myanmar Defense Force (MDF) အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်နေသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို မဇ္ဈိမသတင်းဌာနက လက်ခံရရှိထားသည်။
စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းအချိန်က မုံရွာမြို့မှ ဆန်တတ်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ဝန်းကျင်ခန့် ပါရှိသည့် အမြန်ရေယာဉ် နှင့် ဖလက်ခွံရေယာဉ် နှစ်စီးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ချင်းတွင်းမြစ်ရိုး – ဆင်တော်ဝဲ ၊ မြွေပိုင်းတောင် စသည့်နေရာများတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ညနေ ၅နာရီ မိနစ် ၅၀ တွင် ကနီမြို့နှင့် မင်းကင်းမြို့ကြားရှိ နယ်ခြားဘုရားအနီးတွင် အဆိုပါ မြစ်အတွင်းရှိစစ်ရေယာဉ်ပေါ်မှ တပ်သားများနှင့် PDF ပူးပေါင်း တပ်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၊ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဆိုသည်။
အဆိုပါနယ်ခြားဘုရား တိုက်ပွဲတွင်လက်နက်ကြီးကျည်ထိမှန်မှုကြောင့် Kani PDF (1) စစ်သင်တန်းနည်းပြဆရာ ဗိုလ်မီးခြစ် ကျဆုံးခဲ့ပြီး MDFမှ တစ်ဦး၊ဒေသခံPDFမှ နှစ်ဦး စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Be the first to comment

Leave a comment

Your email address will not be published.


*