ကျိုက်ထီးရိုး ဘုရား မရောက်ဖူးတဲ့ သူရဲ့ ဝန်ထမ်းတွေကို ဘုရားဖူး ပို့ပေးကာ ကုသိုလ်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

{"source":"other","uid":"5C29B075-1566-49A4-8AC4-44499F86CCFE_1638505169373","origin":"unknown","is_remix":false,"used_premium_tools":false,"used_sources":"{"version":1,"sources":[]}","premium_sources":[],"fte_sources":[]}

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အနယ်နယ်အရပ်ရပ်မှာ စွန့်ပစ်ခံရတဲ့ လူမယ်အရွယ် ကလေးသူငယ်တွေကို သူတို့ရဲ့အနာဂတ်အိမ်မက်တွေ တောက်ပလာစေဖို့အတွက် ခေါ်ယူပြီး မိခင်အရင်းသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ လေးစားစရာ သူတစ်ဦးပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တဲ့ သူတွေကိုလည်း အစစအရာရာ လိုလေသေးမရှိအောင် ကူညီထောက်ပံ့မှုတာတွေလည်း ရှိတာတွေ့ရပါတယ်။ ခုလို ကာလတွေမှာလည်း စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း စားသောက်ကုန်များ မကြာခဏ ဝေငှကာ ထောက်ပံ့လှူဒါန်းတတ်ပါသေးတယ် ။

ခုလို ပရဟိတ အလုပ်တွေ မအားလပ်နေတဲ့ ကြားကနေလည်း သူရဲ့ ဂေဟာက ကျိုက်ထီးရိုး ဘုရားကို မရောက်ဘူးတဲ့ ဝန်ထမ်းတွေကိုလည်း ဘုရားဖူး လိုက်ပို့ပေးခဲ့ပါတယ် ။ ဘုရားဖူး အမှတ်တရ ပုံတွေနဲ့အတူ ” ကျိုက်ထီးရိုး ဘုရား မရောက်ဖူးတဲ့ ဂေဟာက ဝန်ထမ်းတွေကို ဘုရားဖူးပို့ဖြစ်ပါတယ်ရှင်..ကလေးတွေလဲ ရှိတာမို့ (၂)သုတ်ခွဲထားကြပြီး ကျမကတော့ ပထမ တသုတ်နဲ့ လိုက်လာဖြစ်ပါတယ်..ကလေးတွေ အပေါ်ရော ကျမ အပေါ်မှာပါ စေတနာ အပြည့်နဲ့ မို့ ဝန်ထမ်းလို သဘောမထားပဲ ကျမရဲ့ မိသားစုဝင်တွေလိုဖြစ်နေပါတယ်..ဒီထက်မက ကလေးတွေကို မေတ္တာ အပြည့်နဲ့ စောင့်ရှောက်ပေးနိုင်ပါစေ တကယ့် မိသားစုဝင်တွေလို တသက်လုံး နေထိုင်သွားနိုင်ပါစေလို့ မျှော်လင့်မိပါတယ်ရှင်..❤️❤️” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Yarsuthit

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် – 


သာဓု သာဓု သာဓု 🙏


 



Yuan – Yarsuthit

Photo – Khine Hnin Wai

Be the first to comment

Leave a comment

Your email address will not be published.


*